Thursday, May 26, 2011

Word Tips (# 5): Quick Part Gallery ၏ ဒုတိယပိုင်း AutoText အကြောင်း shortcut key = Alt+F3

2011/5/25 သိဂီၤ

ကိုဧးသိမ်းရေ.......အခုလို Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှဝေလို့ အထူးကျေးဇူးတင်ပါတယ်။
ဒါပေမဲ့ ကျမ စက်က ဗားရှင်း 2007 မဟုတ်တော့ ဒီနည်းသုံးမရဖြစ်နေတယ်။

ဗားရှင်း 2007 မတိုင်မှီက Insert Menu ထဲမှာ Auto Text ပဲရှိလို့ ကျန်တဲ့အပိုင်းလုပ်မရဖြစ်နေတယ်။

ဗားရှင်း 2007 မတိုင်မှီက Insert Menu ထဲမှာ Auto Text မှာ သုံးတဲ့နည်းလေးများသိခဲ့ရင်ဝေမျှပေးစေချင်ပါတယ်။ကျမက ကွန်ပြူတာနဲ့ကျောင်းပြီးတဲ့သူတစ်ယောက်မဟုတ်ပေမဲ့ ကွန်ပြူတာနဲ့ပတ်သက်ပြီးအကြောင်းအရာတွေကို စိတ်ဝင်စားလို့ ဝေမျှပေးတဲ့ အဖွဲ့ဝင်အားလုံးကိုလဲကျေးဇူးတင်ပါတယ်။

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

ဟုတ်ကဲ့ မသိင်္ဂီရေ ကျနော် ဒီတစ်ခေါက် Microsoft Word 2003 မှာ ပါတဲ့
AutoText အကြောင်း
ဆွေးနွေးကြည့်ချင်ပါတယ်။

Word 2003 မှာဆိုတော့ Word 2007 တို့ 2010တို့ မပါဘူးရယ်တော့ မဟုတ်ပါဘူး။
မြင့်တဲ့ ဗားရှင်းတွေမှာက Quick Parts အဖြစ် အဆင့်မြှင့်ထားလို့ AutoText ကို

တန်းခေါ်သုံးဘို့ ခလုတ်တွေ အဆင်ပြေပြေ မထားပေးတာ ဖြစ်ပါတယ်။

နောက် အရင်တစ်ခေါက် Quick Parts အကြောင်းပြောတုံးက ကျနော်
Shortcut Key ကို ဖော်ပြဘို့ လိုသွားလို့ ဖြစ်ပါတယ်။ Quick Part
ခေါ်ချင်ခေါ် AutoText လို့ပဲ သုံးသုံး အသစ်တစ်ခု သိမ်းဘို့ရာ နှိပ်ရမည့်
Shortcut Key က Alt+F3 ဖြစ်ပါတယ်။

AutoText တွေ ဘယ်နားမှာ ရှိလဲ ?
Menu ထဲမှာ ဆိုရင် Insert Menu ထဲမှာ ရှိပါတယ်။ အောက်က ပုံကို ရှုပါ။


Auto Text တွေ ဘယ်နားမှာ ရှိလဲ ?
Toolbar ထဲမှာ ဆိုရင် Auto Text Toolbar ထဲမှာ ရှိပါတယ်။
မရှိရင် Toolbar ပေါ်မှာ Right Click ခေါက်ပြီး Auto text ကို ရွေးပြီး ခေါ်ထုတ်လိုက်ပါ။

အောက်က ပုံကို ရှုပါ။ Toolbar ပေါ်မှာ Right Click ခေါက်ပြီး Auto text ကို ရွေးပြီး ခေါ်ထုတ်နေပုံ ဖြစ်ပါတယ်။


ခေါ်ထုတ်လိုက်ရင် Auto Text Toolbar ထွက်လာပါမယ်။ အောက်ကပုံမှာ

Auto Text Toolbar ကို ပြထားပါတယ်။ Auto Text ရဲ့ အိုင်ကွန်က
ကီးဘုတ်ကို လက်နဲ့ နှိပ်နေတဲ့ ပုံလေး ဖြစ်ပါတယ်။


ဒါဆို AutoText ခလုတ် ဘယ်နားမှာလည်း ရှာတွေ့လောက်ပါပြီ။

ကျနော်တို့ AutoText တစ်ခု သိမ်းနည်းကို ဆက်ဆွေးနွေးကြပါစို့။

၁) သိမ်းမည့်စာကို Select မှတ်ပါမယ်။

၂) Selection ကို Autotext အဖြစ်သိမ်းဘို့ အောက်ပါ တစ်ခုခုကို လုပ်ပါ။
က) Insert Menu > AutoText > New
ခ) AutoText Toolbar > New
ဂ) Alt+F3 ကိုနှပ်ပါ။ (*** (ဂ)က အလွယ်ဆုံးပေါ့)

ဒါဆို Create AutoText DialogBox ကျလာပါမယ်။
သိမ်းမည့် AutoText ကို နာမည် တစ်ခု ပေးလိုက်ပါ။
(*** Quick Part နဲ့ ကွာတာက AutoText ၏ နာမည်က လွဲ၍ တခြား property များ ပေးမရပါ။)
အောက်ကပုံမှာ သိမ်းမည့် AutoText ၏ နာမည်ကို Sherlock Holmes's Address လို့ ပေးလိုက်ပါတယ်။ အိုကေနှိပ်တာနဲ့ ဒီAutoText ကို သိမ်းပြီးပါပြီ။


၃) သိမ်းထားတဲ့ AutoTextုကို ယူသုံးဘို့ကတော့ နည်း နှစ်နည်း ရှိပါတယ်။ ဦးစွာ AutoText ထည့်မည့် နေရာမှာ ကာဆာချပါ။
က) AutoText ၏ နာမည်အစကို ရိုက်လိုက်ပါ။ စက်က AutoText ကို ရိုက်ချင်တာလား မေးပါမယ်။ ဟုတ်တယ်ဆို စာဆက်မရိုက်ပဲ Enter ခေါက်လိုက်ပါ။

အောက်က ပုံမှာ ကျနော် ခုနက သိမ်းလိုက်တဲ့ AutoText ၏ အမည် အစစာလုံး sher အထိ ရိုက်လိုက်ချိန်မှာ စက်က ပြန်မေးတဲ့ ပုံပါ။


ခ) Menu ဒါမှမဟုတ် Toolbar ကနေ AutoText အုပ်စုကို သွားပါ။ AutoText ကို နာမည်ဖြင့်ရွေးနှိပ်၍ သုံးနိုင်ပါတယ်။
အောက်ကပုံမှာ Insert Menu ကနေ ကျနော် ခုနက AutoText ကို ပြန်ထောက်ပြထားပါတယ်။


နည်း (က) ကော (ခ) ပါ လွယ်ပါတယ်။ AutoText (ဝါ) Quick Part ကို သုံးခြင်းဖြင့် နောင် ထပ်တလဲလဲ သုံးချင်သော စာအသေများကို အလွယ်တကူ ပြန်ထုတ်သုံးနိုင်အောင် Word ထဲမှာ မှတ်သားထားနိုင်ပါတယ်။ စာရိုက်ရ သက်သာစေသော နည်းလမ်း ဖြစ်ပါတယ်။ သိမ်းထားသော AutoText (ဝါ) Quick Part များ ကလိ (Edit လုပ်) နည်းကတော့ ဆိုင်ရာ Menu / DialogBox မှာ ပါတဲ့အတိုင်း မိတ်ဆွေတို့ စိတ်ကြိုက်သာ ကလိကြည့်ပါတော့ဗျား :)

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား