Wednesday, May 25, 2011

Word Tips (# 4): Quick Part Gallery

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

ဒီတစ်ခေါက် Microsoft Word 2007 မှာ ပါတဲ့ Quick Parts Gallery အကြောင်း ဆွေးနွေးကြည့်ချင်ပါတယ်။

ဗားရှင်း 2007 မတိုင်ခင် အထိကတော့ သူ့ကို Auto Text လို့ ခေါ်မလားပဲဗျာ..။ သူက ဘယ်လို အသုံးတည့်လဲ ဆိုတော့...တစ်ခါရိုက်ပြီးသားစာတွေ ကို မှတ်သားပေးထားနိုင်တယ်။ နောင် သုံးချင်ရင် ပြန်ရိုက်စရာ မလိုတော့ဘူး။ သိမ်းထားတဲ့ နေရာက တန်းခေါ်သုံးရုံပဲ။ သိမ်းတာလည်း စာချည့် မဟုတ်ပဲ စာရဲ့ စတိုင်၊ ဖော်မက်၊ ပ၊ုံ အလှအပတွေ အကုန်သိမ်းပေးထားတော့ အလုပ်ရှုပ် တော်တော် သက်သာတယ်။ အဲ့တာကြောင့် သူ့ကို Quick Part (ဝါ) Building Block လို့ နာမည်ပေးထားပါတယ်။ ဆီလျော်ပါရဲ့ဗျာ။ သိမ်းထားတဲ့ Quick Parts တွေ တထိုင်တည်း ကြည့်လို့ရတဲ့ နေရာကို Quick Parts Gallery လို့ ခေါ်သဗျ။ Quick Parts Gallery က Microsoft Word 2007 ရဲ့ Ribbonရဲ့ Insert (page) - Text (Group) မှာ ရှိပါတယ်။

[ စကားချပ်။
Microsoft Word ရဲ့ ဒီ Quick Part (ဝါ) Building Block ဆိုတဲ့ feature ဟာ Gmail ရဲ့ canned response နဲ့ အတော် ဆင်တူပါတယ်။










Quick
Part (
ဝါ) Building Block


in

Microsoft
Word

=

Canned
Response


in

Google’s
Gmail





Canned
Response အကြောင်း ဆက်စပ်ဖတ်ကြည့်မယ်ဆိုရင် ဒီမှာ သိမ်းထားလေရဲ့


]

အောက်မှာ စာစုတစ်ခုကို ကျနော် Quick Parts အနေနဲ့ သိမ်းနည်းကို ပြောပြပါရစေ။

၁) သိမ်းမည့်စာကို Select မှတ်ပါမယ်။

၂) Insert Menu ကိုလှန်ပါ။ Text အုပ်စုထဲရှိ Quick Parts ကို နှိပ်ပါမယ်။

၃) ကျလာတဲ့ Quick Parts (Context Menu) မှာ "Save Selection to Quick Part Gallery" ကို ရွေးနှိပ်ပါမယ်။

၎) ဒါဆို ခုနက Selection ကို Quick Parts (ဝါ) Building Block အဖြစ် သိမ်းပေးဘို့ရာ အမည်စသည် သတ်မှတ်ပေးဘို့ Dialog Box (Modify Building Block) ကျလာပါမယ်။ လိုအပ်သလို နာမည်ပေး အုပ်စု (Category)ခွဲပြီး သိမ်းထားနိုင်ပါပြီ။ ကျေနပ်ရင် OK ပေးပြီး Dialog Box ကို ပိတ်လိုက်ပါ။ ဒါဆို ကျနော်တို့ Quick Part တစ်ခု သိမ်းပြီးသား ဖြစ်သွားပါပြီ။ Quick Part အသစ်တစ်ခု Quick Part Gallery ကို ရောက်သွားပါပြီ။

၅) သိမ်းထားတဲ့ Quick Part တစ်ခုကို ယူသုံးဘို့ကတော့ Insert Menu > Text - Quick Parts ကို နှိပ်လို့ ပေါ်လာမည့ှ်Quick Part Gallery ထဲက ပြန်ရွေးယူသုံးရုံပါပဲ။

နမူနာ ပုံလေးတွေ ပြပါမယ်။



အပေါ်က ငွေတာရီကဗျာလေးက သိမ်းမည့်စာပေါ့ဗျာ...။



၁) အပေါ်ပုံမှာ သိမ်းမည့်စာကို Select မှတ်ပြပါတယ်။

၂) အောက်ပုံမှာ Insert Menu ကိုလှန်လိုက်ပါတယ်။ Text အုပ်စုထဲရှိ Quick Parts ကို နှိပ်ပါမယ်။


၃) ကျလာတဲ့ Quick Parts (Context Menu) မှာ "Save Selection to Quick Part Gallery" ကို ရွေးနှိပ်ပါမယ်။


၎) ဒါဆို ခုနက Selection ကို Quick Parts (ဝါ) Building Block အဖြစ် သိမ်းပေးဘို့ရာ အမည်စသည် သတ်မှတ်ပေးဘို့ Dialog Box (Modify Building Block) ကျလာပါမယ်။ လိုအပ်သလို နာမည်ပေး အုပ်စု (Category)ခွဲပြီး သိမ်းထားနိုင်ပါပြီ။ ကျေနပ်ရင် OK ပေးပြီး Dialog Box ကို ပိတ်လိုက်ပါ။ အောက်ပုံကို ရှုပါ။


ဒါဆို ကျနော်တို့ Quick Part တစ်ခု သိမ်းပြီးသား ဖြစ်သွားပါပြီ။ Quick Part အသစ်တစ်ခု Quick Part Gallery ကို ရောက်သွားပါပြီ။

၅) သိမ်းထားတဲ့ Quick Part တစ်ခုကို ယူသုံးဘို့ကတော့ Insert Menu > Text - Quick Parts ကို နှိပ်လို့ ပေါ်လာမည့ှ်Quick Part Gallery ထဲက ပြန်ရွေးယူသုံးရုံပါပဲ။ အောက်ပုံမှာ ခုနက ကျနော်သိမ်းလိုက်တဲ့ Quick Part အသစ် Quick Part Gallery ထဲ ရောက်သွားတာ မြင်ရပါမယ်။


Quick Part Gallery အကြောင်းကတော့ လို၊တို၊ရှင်း ဒီလောက်ပါပဲ....။

bHappy_1_s.gif
______________________

Gmail ရဲ့ Canned Response အတွက် Credit အနေနဲ့ကတော့:
Gmail's Canned Response အကြောင်း = GMAIL မှာ တစ်ခါ ရိုက်ထားရင် နောင် ထပ်ရိုက် စရာ မလိုပဲ အီးမေးပို့တိုင်း ထဲ့ပို့လို့ ရတဲ့ စာစုလေးတွေ အများကြီး သိမ်းထားချင်တယ် ဆိုရင်…
______________________

uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား