Friday, January 14, 2011

Facebook က အီးမေး ဒီနေ့ စရသွားပါတယ် ခင်ဗျား

ဒီနေ့လည်း ဖစ်ဘောက်ဝင်ကြည့်ကော Message စာမျက်နှာမှာ ပေါ်လာတာပဲ

အဆင့်သုံးဆင့်နဲ့ ရပါပြီတဲ့...အောက်မှာ ပုံလေး နမူနာ ပြထားပါတယ်။ လျောက်ထားပြီးရင် အဲ့နားကို စောင့်ကြည့်ရမှာပါ...။ လျောက်ထားရင် အနှေးနဲ့ အမြန် ကျလာမှာပါ။



စဉ်းစားမိတာက facebook မှာ message အသုံးများတဲ့ user ကို ဦးစားပေးချထားပေးမယ် ထင်တာပဲ...။
( ဒါ ဖြစ်သင့်တယ်လေ ) ဒါနဲ့ပဲ လျောက်ထားပြီးနောက်ပိုင်း ဖစ်ဘောက်မှာ ကျနော် မက်စိတွေ များများပို့လိုက်တယ်။

အဲ့တာကြောင့်လားတော့ မသိဘူး :)

လျောက်ထားနည်းကို ပြန် ကော်ပီ၊ ပိတ်စ် လုပ်ပါမယ်။ ရော့ ပြန်ဖတ်ကြည့်ပါဦး :)

Thursday, January 13, 2011

ဝိပဿနာအလုပ်ပေးတရား by ဆရာတော် အရှင်သုမန ( သိရီသုမနချောင် မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိ ပ်သာ စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့)

ဒီတရားအားထုတ်နည်းလေးကို သဘောကျလွန်းလို့တင်ပေးလိုက်တာပါ…ဆရာတော် အရှင်သုမန

(သိရီသုမနချောင် မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာ စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့) ၏ တစ်နာရီစာ

အလုပ်ပေးတရားခွေမှ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ လိုအပ်နေသောသူ၊

ဝါသနာပါသောသူများ ရရရှိပါစေခြင်း အကျိုးငှါ တရားခွေအသံကိုနားဖြင့် နာ၍ စာစီတင်ပေးထားတာပါခင်ဗျာ…

စာအုပ်စာပေများမှ ကူးယူဖေါ်ပြခြင်းမဟုတ်သည့်အတွက် စာလုံးပေါင်းများမှားယွင်းခဲ့သည်ရှိသော်

သည်းခံပေးကြပါလို့ ကြိုတင်တောင်းပန်လိုက်ပါတယ်

အားလုံးကိုလေးစားလျက်…ကိုဝင်းမင်းထွန်း

မှတ်ချက်။ ။ ဒီပို့စ်ဟာ ဓမ္မမိတ်ဆွေကြီး ကိုဝင်းမင်းထွန်း မှ နားဖြင့်နာ၍

တကူးတက လက်ရေးဖြင့် လိုက်ကူးယူ ဓမ္မဒါနပြုထားခြင်း ဖြစ်ပါတယ်။

ဖတ်ရှုကြည့်ပါဦး ခင်ဗျာ..။ MP3 ဖိုင်လည်း တွဲပေးထားပါတယ်...။။။

အားလုံးတရားအားထုတ်ဖို့ နေရာပြင်ကြပါ…..

မိမိတို့မရွှေမပြောင်းမလှုပ်မရှားမပြင်မဆင်ဘဲနှင့် အကြာဆုံးထိုင်နိုင်မယ့်အရိယာပုဒ်ကိုတစ်ခါတည်းယူထားပါ။

အသက်သာဆုံးအနေအထားမျိုးလည်းဖြစ်ပါစေ။ ခါးကိုဖြောင့်ဖြောင့်ကလေးထားခါးကုန်းမနေစေနှင့် ခါယို့ကျမ

နေစေနှင့် ခါးအရိုးအဆစ်တွေ တည့်မတ်လို့နေပါစေ။ လည်တိုင်ကိုလည်းမတ်မတ်ကလေးထား ခေါင်ငုံ့မနေစေနဲ့

ငိုက်မနေစေနှင့် ရှူလမ်းကြောင်းရှိုက်လမ်းကြောင်းတွေဖြောင့်တန်းလို့နေပါစေ။ လက်အနေအထားလေးကို ဂရု

စိုက်ပေး ဘယ်ဖက်လက်ဝါးဖြန့် ညာဘက်လကဝါးအပေါ်ကထပ် လက်မအဖြားခြင်းလေးထိတယ်ဆိုရုံမျှလေးထိ

ပေးထား။ သတိဝီရိယကိုအဓိကအထောက်အကူပြုတဲ့လက်အနေအထားကလေးလို့အောက်မေ့ပါ။ နုတ်ခမ်းလွှာ

နှစ်ခုကိုလည်းစေ့တယ်ဆိုရုံမျှလေးပိတ်ထား။ တရားအားထုတ်တဲ့ အခါမှာပါးစပ်ဟ မနေစေရပါဘူး။ မျက်လွှာ

နှစ်ခုကိုလည်း အာရုဏ်နိမိတ်မှကင်းဆိပ်တယ်ဆိုရုံ မှေးတယ်ဆိုရုံမျှလေးမှိတ်ထား။ ပုံစံကျနေပါစေ။ လေလေးကို

မှန်မှန်ရှူမှန်မှန်ရှိုက် ပြင်းပြင်းထန်ထန်လည်းမရှူမရှိုက်ရဘူး အလွန်လည်းမသိမ်မွေ့စေရဘူး။ ပြင်းပြင်းထန်ထန်

ရှူပြန်ရှိုက်ပြန်တော့လည်း အမောဖေါက်လာတတ်တယ် နည်းမှားသွားမယ် သိမ်မွေ့လွန်းအားကြီးပြန်တော့

လည်းမသိသာပေဘူ။း ဒါ့ကြောင့်မိမိတစ်ဦးတည်းသိသာတယ်ဆိုရုံမှန်မှန်လေးရှူရှိုက်ပေးပါ။ နှာသီးဖျားနှုတ်ခမ်း

ဖျားမိမိတို့ကြိုက်ရာ သတိလေးကပ်ထား။ လေကလေးရိပ်ခနဲထိဝင်ရင်သိပေးလိုက်ဟော..ဝင်ပြန်ပြီ လေကလေး

ရိပ်ခနဲထိထွက်ရင် သိပေးလိုက် ဟော…ထွက်ပြန်ပြီ။ ဟော….ဝင်ပြန်ပြီ ….ထွက်ပြန်ပြီ ဝင်ပြန်ပြီ….ထွက်ပြန်ပြီ..

မှန်မှန်လေးသိပေးနေပါ။ မလစ်ပါစေနဲ့ မလွတ်ပါစေနဲ့ ထိဝင်တာနဲ့သိတာနဲ့ ..ထိထွက်တာနဲ့ထိတာနဲ့ အံကျအံ

ကျဖြစ်နေပါစေ။…………13း00

မိမိတို့တရားအားထုတ်ဆဲဖြစ်သော ခန္ဓာငါးပါးရုပ်နာမ်တရားကြီးကို ရှင်တော်မြတ်ဘုရားနှင့် ကျေးဇူးတော်အရှင်

မိုးကုတ်ဆရာတော်ဘုရားကြီးတို့ကို စိတ်ထဲကနေပြီးတော့ပဲ လှူဒါန်းထားလိုက်ပါ။ (မိုးကုတ်ဥပနိဿယ ဖြစ်၍

ဆရာသမားဖြစ်သော မိုးကုတ်ဆရာတော် ဘုရားကြီးကိုပါရည်မှန်းလှူဒါန်းခြင်းဖြစ်ပါည်။ မိမိတို့ဆန္ဒအလျှောက်

သာဆင်ပြေသလို အားထုတ်ကြပါစေလို့ကြောင်းမေတ္တာရပါခံပါသည်ခင်ဗျာ..) ကိုယ့်အိမ်ကိုယ့်ယာရောက်

လို့ အားထုတ်တဲ့အခါကျတော အသံထွက်ပြီးသကာလ လှူဒါန်းရပါလိမ့်မယ်။ ဒီနေရာမှာတော့ စိတ်ထဲကနေပြီး

တော့ပဲလှူဒါန်းထားလိုက်ပါ။ တပည့်တော်၏ တပည်တော်မ၏ တရားအားထုတ်ဆဲဖြစ်သော ခန္ဓာငါးပါးရုပ်နာမ်

တရားကြီးကို ရှင်တော်မြတ်ဘုရားအားလှူဒါန်းပါ၏။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးအားလှူ

ဒါန်းပါ၏။ ပြီးတော့မှ စိတ်ထဲကနေပြီးတော့ပဲ ကမ္မဋ္ဌာန်းတောင်းထားလိုက်ပါ။ ကိုယ့်အိမ်ကိုယ့်ယာ ရောက်လို့

အားထုတ်တဲ့အခါကာလကျတော့ အသံထွက်ပြီးသကာလ တောင်းရပါလိမ့်မယ် ဒီနေရာမှာတော့

စိတ်ထဲကနေပြီးတော့ပဲ ကမ္မဋ္ဌာန်းတောင်းထားလိုက်ပါ။ အိုနာသေရေးဒုက္ခဘေးကြီးတို့မှ ငြိမ်းရာငြိမ်းကြောင်း

သိမ်းရာသိမ်းကြောင်းအကောင်းဆုံးဖြစ်သော ဝိပဿနာကမ္မဋ္ဌာန်းတရားတော်ကြီးကို ကရုနာရှေးရှုသနားသ

မှုဖြင့်ပေးသနားတော်မူပါအရှင်ဘုရား။ ပြီးတော့မှ အရီယူပ ဝါဒကံမထိုက်ပါစေခြင်းငှါ စိတ်ထဲကနေပြီတော့ပဲ

တောင်းပန်စကားလေးပြောထားလိုက်ပါ။ သံသရာမှစ၍ယ္ခုနေ့တိုင်အောင် အရီယာအပေါင်း သူတော်ကောင်း

ကြီးတို့ အပေါ်၌ ကာယကံ ဝဇိကံ မနောကံအားဖြင့် သိလျက်ဖြစ်စေ မသိ၍ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ တမင်

တကာဖြစ်စေ ပြစ်မှားကျူးလွန်မိသော အပြစ်ကြီးငယ်တစ်စုံတစ်ရာရှိခဲ့ပါလျှင် သည်းခံတော်မူကြပါ ခွင့်လွှတ်

တော်မူကြပါ ကျေအေးတော်မူကြပါ။ အကျွန်ုပ် အပေါ်၌ပြစ်မှားထားသော ပုဂ္ဂိုလ်များရှိခဲ့ပါလျှင်လည်း သည်းခံ

ပါ၏ ခွင့်လွှတ်ပါ၏ ကျေအေးပါ၏။ ပြီးတော့မှတရားအားထုတ်တိုင်း အားထုတ်တိုင်း အဓိပတိတရား သုံးပါး

တစ်ပါးပါး လက်ကိုင်ထား၍အားထုတ်ရပါတယ်။ မိမိကိုယ်ကို အကြီးအကဲမြှောက်တင်ပြီးသကာလ အားထုတ်

တဲ့နည်းက အတ္တာအဓိပတိ တဲ့ ၊ ပတ်ဝန်းကျင်လောကကြီးကို ငဲ့ကွက်ရှက်ကြောက်ပြီးသကာလ အားထုတ်တဲ့

နည်းက လောကာအဓိပတိ တဲ့ ၊ တရားဓမ္မက္ခန္ဓာတော်တွေကို အဓိပတိထား၍ အားထုတ်တဲ့နည်းက ဓမ္မာအဓိ

ပတိ တဲ့ ၊ အဲဒီအဓိပတိတရား သုံးပါးရှိရာမှာ မိမိကိုယ်ကို အကြီးအကဲမြှောက်တင်ပြီးသကာလ အားထုတ်

တဲ့နည်းဆိုတဲ့ အတ္တာအဓိပတိကို နှလုံးသွင်း၍ကြိုးစားပေးကြပါ။ ငါသည်စားစရာ သောက်စရာ မရှိလို့တရား

အားထုတ်တာမဟုတ်ဖူး…….ဝတ်စရာခြုံစရာအဝတ်အထည်မရှိလို့ တရားအားထုတ်တာလည်းမဟုတ်ဖူး…….

နေစရာထိုင်စရာ အိုးအိမ်မရှိလို့တရားအားထုတ်တာလည်းမဟုတ်ဖူး…...ဒီခန္ဓာကိုယ်အတ္တဘောကြီးကျန်းမာ

စေဖို့ ချမ်းသာစေဖို့ အန္တရာယ်ကင်းဘေးရှင်းစေဖို့ ဆေးဝါးအလို့ငှါ တရားအားထုတ်တာလည်း မဟုတ်ဖူး……..

လူချမ်းသာ နတ်ချမ်းသာဆိုတဲ့ ဘဝကောင်းစားရေး တောင်းတပြီးသကာလ တရားအားထုတ်တာလည်းမဟုတ်

ဖူး….ငါသည်ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏလို့ဆိုတဲ့ ပဋိသန္ဓေနေခြင်းဆိုးဘေး၊ အိုခြင်းဆိုးဘေး ၊ နာခြင်းဆိုးဘေး ၊

သေခြင်းဆိုးဘေးကြီးတွေနှင့် ရောထွေးနေတဲ့ ခန္ဓာ့သံသရာဝဋ်ဒုက္ခကြီးကိုဖြင့် ကြောက်လွန်လွန်းလို့ ရွံလွန်းလို့

မုန်းလွန်းလို့ ၎င်းဒုက္ခဝဋ်အပေါင်းမှ ကျွတ်ခြင်းလွတ်ခြင်း ဥာဏ်အလင်းကိုအလိုရှိ၍သာလျှင် အားထုတ်ခြင်းအ

မှန်ဖြစ်ပါတယ်။ အတ္တာအဓိပတိလို့ခေါ်ပါတယ် အဲဒီစိတ်ဓါတ် နှလုံးသွင်းလေးနဲ့ ကြိုးစားကြပါ။ ……..16း51

မိမိတို့အားထုတ်ဆဲဖြစ်တဲ့ အလုပ်ထူးအလုပ်မြတ်အကျင့်ထူးအကျင့်မြတ်ကြီးအပေါ်၌လည်းယုံကြည်ချက်က

လေးပြင်းပြင်းပျပျ ထားပေးကြပါ။ သံသရာနှင့်အမျှ တစ်ခါဘူးမှ အားမထုတ်ခဲ့ရဖူးသေးတဲ့ လေးအသင်္ချေနှင့်

ကမ္ဘာတစ်သိန်းထိုက်တန်တဲ့ တရားထူးတရားမြတ်အားထုတ်မှုအလုပ်ကြီး၊ ရှစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း

ထိုက်တန်တဲ့ တရားထူးတရားမြတ်အားထုတ်မှုအလုပ်ကြီး၊ တစ်ဆယ်ခြောက်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း

ထိုက်တန်တဲ့ တရားထူးတရားမြတ်အားထုတ်မှုအလုပ်ကြီး ၊ဘုရားအစရှိသောအရိယာသူတော်ကောင်းကြီးတို့

နှစ်ထောင်းအားရကျေနပ်ဝမ်းမြောက်တော်မူကြတဲ့ တရားထူးတရားမြတ်အားထုတ်မှု အလုပ်ကြီး၊ကျေးဇူးတော်

ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးများ အလိုလားဆုံးအနှစ်ခြိုက်ဆုံးဝမ်းအမြောက်ဆုံး ဖြစ်တော်မူတဲ့တရား

ထူးတရားမြတ်အားထုတ်မှုအလုပ်ကြီး။ ကိုယ့်အိုနာသေရေးဒုက္ခဘေးကြီးတို့မှ လုံးဝငြိမ်းအေးရာအမှန်ပို့ပေးမှာ

ဖြစ်တဲ့ထူးတရားမြတ်အားထုတ်မှုအလုပ်ကြီး၊သည်လောက်ထူးခြားမြင့်မြတ်တဲ့တရားထူးတရားမြတ်အားထုတ်မှု

အလုပ်ကြီးကိုဖြင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံကြုံကြိုက်ကြိုက် ဆုံဆုံဆည်းဆည်း ဆိုက်ဆိုက်မြိုက်မြိုက် အား

ထုတ်ခွင့်ရသောငါသည် အပါယ်လေးပါဘေးမှ ဧကန်မုချ ကင်းဝေးရတော့မှာပါကလား….အဲဒီယုံကြည်ချက်အ

ပြည့်နှင့်ကြိုးစားကြပါ။ ဝိပဿနာ ရှုသားကျလိုရှုပွါးနေတဲ့ ယောဂီများကဝင်လေသိထွက်လေသိဆိုတဲ့သမာဓိ

ထူထောင်မှုအထူးမကြိုးစားတော့ဘဲနှင့် ဖြစ်မှုပျက်မှုတွေကို တန်းပြီးတော့ရှုမယ်ဆိုရင် ရှုနိုင်တယ်လို့အောက်မေ့

ပါ။ သို့သော်များသောအားဖြင့်သော ယောဂီအပေါင်းသူတော်ကောင်းတို့ကတော့ ဝိပဿနာအစဝင်လေသိ

ထွက်လေသိကကြိုးစားပါ။ ဝင်လေသိထွက်လေသိဆိုတဲ့ သမာဓိထူထောင်နေဆဲ အခိုက်မှာ အာရုဏ်နောက်ကို

လုံးဝမလိုက်ရပါဘူး ပတ်ဝန်းကျင်ကိုဂရုမစိုက်ရပါဘူး။ ဝင်လေသိထွက်လေသိဆိုတဲ့ သမာဓိထူထောင်နေဆဲအ

ခိုက်မှာခန္ဓာကိုယ်ကိုလည်းလုံးဝမလှုပ်ရပါဘူး ခေါင်းငုံ့မနေစေရပါဘူး ငိုက်ခနဲစိုက်ခနဲမဖြစ်စေရပါဘူး ယိမ်းယိုင်

မနေစေရပါဘူး ခါးယို့ကျမနေစေရပါဘူး ပြောင်းလိုက်ရွှေ့လိုက်ပြင်လိုက်ဆင်လိုက် ပွတ်လိုက်သတ်လိုက် ကုတ်

လိုက်ဖဲ့လိုက် လုံးဝလုပ်ခွင့်မရှိပါဘူး။ မိတို့အားထုတ်ဆဲဖြစ်တဲ့ ဝင်လေသိထွက်လေသိ အလုပ်မှလွဲ၍လည်း တ

ခြားဘယ်ကိုမှ ဂရုမစိုက်ရပါဘူး မိမိတို့သတိလေးကပ်ထားရာ နှာသီးဖြားနှုတ်ခမ်းဖြားမှာပဲ လေကလေးရိပ်ခနဲ

ထိဝင်ရင်သိပေးလိုက်ပေါ့ လေကလေးရိပ်ခနဲ့ထိထွက်ရင်သိပေးလိုက်ပေါ့ ဝင်တိုင်းသိထွက်တိုင်းသိ မလစ်ပါစေ

နှင့် မလွတ်ပါစေနှင့် ဝိရိယမလျော့ပါစေနှင့် သတိမပေါ့ပါစေနှင့် အာရုဏ်တပါးအခြားမသွားပါစေနှင့် ကိုယ့်အ

လုပ်အထမြောက်ဖို့သာကြိုးစားလို့နေပါ…… မှန်မှန်လေးရှူရှိုက်လို့မသိသာရင် ရှည်ရှည်လေးရှူရှိုက်ပေးပါ ရိတ်

ခနဲထိဝင်သွားတာသိသာပါစေ ရိတ်ခနဲ့ထိထွက်သွားတာသိသာပါစေ။ ထိဝင်ရင်သိပေးလိုက် ထိထွက်ရင်သိပေး

လိုက် မလစ်စေနှင့် မလွတ်စေနှင့်……….

ကဲ..သမာဓိစခန်း ဒီလောက်ဆိုတော်လောက်ပြီ ဝိပဿနာဖက်တစ်ဆင့်တတ်လို့ ရှုပွားကြရအောင် ဝင်လေသိ

ထွက်လေသိကိုဖြုတ်ပါခန္ဓာဖက်ကိုဉာဏ်လှည့်ပေးပါ ခန္ဓာထဲကိုဉာဏ်စိုက်ပေးပါ ဉာဏ်မေးခွန်းလေးတွေမေး

ကြည့်နေပါ ဉာဏ်တွေးလုံးလေးတွေတွေးကြည့်နေပါ ခန္ဓာထဲကဘယ်သဘောတွေပြောနေပါလိမ့် ဘယ်ပုံစံတွေ

ပြနေပါလိမ့် ဘယ်လိုတွေဆိုနေပါလိမ့် ဘာတွေဖြစ်နေပါလိမ့် တွေးကြည့်နေစမ်း မေးကြည့်နေစမ်း ခန္ဓာကြီးက

အဖြေပေးလိမ့်မပေါ့ ညောင်းတတ်တဲ့ခန္ဓာကြီးက ညောင်းတယ်လို့လဲပြောချင်ပြောမယ် အောင့်တယ်လို့လည်း

ဆိုချင်ဆိုမယ် ယားတယ်လို့လည်းပြချင်ပြမှာပဲ နာတယ်လို့လည်းပြောချင်ပြောမယ်လေ ပြောချင်တာပြောပြချင်

တာပြပေါ့ သူ့အရှိတွေသူပြတော့မပေါ့ သူ့သဘောသူပြောတော့မပေါ့ ။ ကိုယ့်အလိုမလိုက် ကိုယ့်အကြိုက်မပါ

ကိုယ်စရိုက်နှင့်တစ်ခုမှမကိုက်ညီတဲ့ခန္ဓာကြီးရထားကြမှပေါ့ပဲ၊ မကောင်းသဖြင့်ရထားတဲ့ခန္ဓာကြီးက မကောင်းတဲ့

သဘောတွေပြောလိမ့်မပေါ့ မခံသာသဖြင့်ရထားတဲ့ ခန္ဓာကြီးကမခံသာတဲ့သဘောတွေ ပြလိမ့်မပေါ့ မသက်သာ

သဖြင့်ရထားတဲ့ ခန္ဓာကြီးကမသက်သာတဲ့သဘောတွေပြောလိမ့်မပေါ့ ဟိုနေရာကတစ်မျိုးပေါ်နေတာပဲ ဒီနေရာ

ကတစ်မျိုးပေါ်နေတာပဲဆိုပြီးတော့လည်း ဉာဏ်ဗျာများစရာမလိုပါဘူးကိုယ့်ဉာဏ်ထဲမှာ အထင်ရှားဆုံးတစ်ခု ကို

ရွေးခြယ်ပြီးတော့မှ စူးစူးစိုက် ဉာဏ်မေးခွန်းလေးတွေမေးလိုက်ပေးနေရုံပါပဲ ဉာဏ်တွေလုံးလေးတွေ တွေးလိုက်

ပေးနေရုံပါပဲ ညောင်းတယ်ထင်ပြန်ရင် ညောင်းတဲ့အပေါ်မှာ ဉာဏ်စိုက်ပြီးတော့ဉာဏ်လိုက်ပေး ရှေ့ညောင်းတဲ့

အမူအရာနှင့် နောက်ညောင်းတဲ့အမူအရာ တူမတူပြောင်းမပြောင်း ပျက်မပျက် ယားတယ်ထင်ပြန်ရင် ယားတဲ့

အပေါ်မှာ ဉာဏ်စိုက်ပြီးတော့ဉာဏ်လိုက်ပေး ရှေ့ယားတဲ့ အမူအရာနှင့် နောက်ယားတဲ့အမူအရာ တူမတူ

ပြောင်းမပြောင်း ပျက်မပျက် နာတယ်ထင်ပြန်ရင် နာတဲ့အပေါ်မှာ ဉာဏ်စိုက်ပြီးတော့ဉာဏ်လိုက်ပေး ရှေ့နာတဲ့

အမူအရာနှင့် နောက်နာတဲ့အမူအရာ တူမတူ ပြောင်းမပြောင်း ပျက်မပျက် ဘယ်တစ်ခုမှထင်ထင်ရှားရှားရှုပွား

မပေါ်ပါဖူးဆိုရင်တောင်မှ မိမိတို့သတိလေးစိုက်ထားရာ ဝင်လေသိထွက်လေသိနေရာလေးမှာပဲ နေရာမပြောင်း

ပဲနှင့်ဥာဏ်ပြောင်းပြီးတော့ရှုတတ်ရင် ဝိပဿနာဖြစ်တာပါပဲ ပထမဝင်လေသိ ထွက်လေသိလေးတွေကြိုးစားခဲ့

တုန်းကသမာဓိမဂ္ဂင်သုံးပါးရခဲ့ကြပြီး အဲဒီအပေါ်မှာသမ္မာသင်္ကပ္ပမဂ္ဂင်နှင့် ထပ်ဆင့်တွေးကြည့်နေစမ်း မေးကြည့်

နေစမ်း ထိဝင်တဲ့သဘောလေး ထိဝင်ပြီးတော့ ဘယ်ရောက်သွားပါလိမ့် ထိထွက်တဲ့သဘောလေး ထိထွက်ပြီး

တော့ ဘယ်လိုဖြစ်သွားပါလိမ့် တွေကြည့်နေစမ်း မေးကြည့်နေစမ်း ရိပ်ကနဲထိဝင်သွားလိုက် မရှိဘူးပျက်သွား

လိုက်ဩ..မမြဲပါလား ရိပ်ကနဲထိထွက်လိုက် မရှိဘူးပျက်သွားလိုက်ဩ..မမြဲပါလား ထိဝင်ပြီးမရှိဘူးပျက်သွားတာ

ပဲထိထွက်ပြီးမရှိဘူးပျက်သွားတာပဲ မရှိဘူးပျက်နေတာပဲ.. မရှိဘူးပျက်နေတာပဲ..ပျက်နေတာပဲ ပွါးပေး …………

ယုတ်စွအဆုံး ဘုန်းကြီးဆီကပြောတဲ့ အသံကြားတာတောင် အလွတ်မထားရဘူး ဖမ်းပြီးတော့ရှုပွါးတတ်ရတယ်

အခုပေါ်တာအသစ်ကြားစိတ်ကလေးပဲ အသစ်ကြားတဲ့သင်္ခါရလေးပဲ အရင်ကြားတဲ့သင်္ခါရလေးမရှိတော့ပါလား

နောက်ထပ်အသစ်ကြားစိတ်ကလေးပေါ်ပြန်ရင် အရင်ကြားစိတ်ကလေးမရှိတော့ပါလား နောက်ထပ်အသစ်

ကြားစိတ်ကလေးပေါ်ပြန်ရင် အရင်ကြားစိတ်ကလေးမရှိတော့ပါလား ဩ..တကြားတည်းကြားနေတာလဲမ

ဟုတ်ပါလား တစ်ဆက်တည်း ကြားနေတာလည်းမဟုတ်ပါလား ကြားပြီးတော့ပျက်နေပါလား ကြားပြီးတော့

ပျက်နေပါလား … ပျက်နေပါလား…. ပွါးပေး………..ခန္ဓာသဘောငါမရောပါစေနှင့် ခန္ဓာပြင်ပကိုလည်း ဉာဏ်မ

ထွက်ပါစေနှင့် ခန္ဓာထဲကဘာပြောတယ်ဆိုတာကိုလည်းဉာဏ်မျက်ခြေမပြတ်ပါစေနှင့် ခန္ဓာထဲမှာ ဉာဏ်နှင့်လှည့်

ပတ်တွေးနေ…ဉာဏ်မေးခွန်းလေးတွေမေးကြည့်နေ မြဲနေသလားမမြဲဘူးလား မပြတ်ဘဲနေသလားပြတ်နေသ

လား မပြောင်းပဲနေသလားပြောင်းနေသလား…..ထင်ရှားပေါ်ရာကိုလိုက်ရှုတတ်ရင် ထင်ရှားပေါ်ရာကိုလိုက်ရှုပါ

အကောင်းဆုံးနည်းပါပဲ ထင်ရှားပေါ်ရာကိုလိုက်မရှုတတ်ရင်လည်း နှာသီးဖျားနှုတ်ခမ်းဖျားမှာ တစ်နေရာတည်း

မှာပဲသည်းသည်းမည်းမည်း စွဲစွဲမြဲမြဲ ဇွဲနဘဲလေးနဲ့စိုက်ရှုပါ လိုရင်းကတော့ မမြဲတာမြင်ဖို့ပါပဲ…….

သူတော်ကောင်းအရေးမှာ ဇွဲမသေးပါစေနဲ့ သူတော်ကောင်းတွေစုပေါင်းပြီးသကာလ အားထုတ်နေကြတဲ့ သူ

တော်ကောင်းတရားပွဲထဲမှာ ကိုယ်တစ်ယောက်အညံ့စားဖြစ်မနေပါစေနှင့် ဖြစ်ပျက်ခန္ဓာလေးကဖြင့် ပြချင်တာပြ

ဖြစ်ပျက်တွေ ပြနေမှာပဲ…ယားတာလည်းတစ်မျိုးတည်းယားပြနေမှာမဟုတ်ပါဘူး အမျိုးမျိုးယားပြနေမှာပါပဲ အ

မျိုးယားပြနေပြီးဆိုကတည်းကိုက ရှေ့ယားတဲ့အမူယာနဲ့ နောက်ယားတဲ့အမူယာ တူနိုင်ပါ့မလား… အသစ်သ

ဘောအဟောင်းသဘောမတူပြောင်းလဲနေပုံလေးတွေ ရှေ့အမူအရာနှင့်နောက်အမူအရာမတူ ထူးခြားနေပုံလေး

တွေ……ကိုယ်ဉာဏ်ထဲမှာအမြင်မရှင်းသေးရင် အမြင်ရှင်းအောင်တွေးပေး..မြဲနေသလားမမြဲဘူးလား မပျက်ဘဲ

နေသလားပျက်နေသလား မပြောင်းပဲနေသလားပြောင်းနေသလား အကဲခတ်နေ အကဲခတ်လို့မမြဲဖြစ်ပျက်သွား

တဲ့သဘောလေးဉာဏ်ထဲမှာအမြင်ရှင်းရင် အဲဒီအမြင်ရှင်းပြီးသား ဉာဏ်လေးများများရအောင်ပွါးပေး ဩ..ဟုတ်

သားပဲမမြဲပါလား ပျက်နေပါလားခန္ဓာသဘောကဒီလိုကိုး… ဩဟုတ်သားပဲမမြဲပါလား ပျက်နေပါလားခန္ဓာသ

ဘောကဒီလိုကိုး ပွါးပေး….လှုပ်ခနဲဆိုအဟောင်းချုပ်လို့အသစ်ပေါ်တာ ဒါဖြစ်ပျက်ပဲ.. ရွခနဲဆိုအဟောင်းချုပ်

လို့အသစ်ပေါ်တာ ဒါဖြစ်ပျက်ပဲ… စီကနဲကြားလိုက်ပြန်တော့လည်းအဟောင်းချုပ်လို့အသစ်ပေါ်တာ ဒါဖြစ်

ပျက်ပဲ ဒါဖြင့်ကိုယ့်ခန္ဓာထဲမှာဖြင့် အဟောင်းချုပ်လို့အသစ်ပေါ်တာမှလွဲ၍ အခြားဘာမှမပါဘူး….ဒါဖြင့်ပေါ်ချင်

တာပေါ်ပါစေ ဖြစ်ပျက်နေတာပဲ….. ဖြစ်ပျက်နေတာပဲ….. ဖြစ်ပျက်နေတာပဲ….. ဖြစ်ပျက်တစ်လုံးအသုံးပြု ဆုံး

ဖြတ်ချက်သာချနေ လွဲစရာမရှိဘူး………………………….34:30

ဘုရားကိုတော်မြတ်ကြီး လက်ထက်တော်အခါကာလတုန်းက သူတော်ကောင်းကြီးတွေလည်း သူတော်အ

လျှောက်ဒီလိုပဲကြိုးကြိုးစားစားမြတ်မြတ်နိုးနိုးမက်မက်မောမော အားထုတ်တော်မူသွားကြတာပဲ .ဘုရားကိုယ်

တော်မြတ်ကြီးရဲ့ တစ်ဦးတည်းသောသား ရင်သွေးတော်အရှင်ရာဟုလာမထေရ် သဒ္ဓါတရာနဲ့ရဟန်းပြုလာတဲ့

နေရာမှာ ဧတဒဂ်ဘွဲရတော်မူတဲ့ တစ်ဦးတည်းသေားသူဌေးသားက ရဟန်းပြုလာတဲ့ အရှင်ရဋ္ဌသာလမထေရ်

ဒီမထေရ်မြတ်နှစ်ပါးတို့ဟာဆိုရင်ဖြင့် ၁၂နှစ်လုံးလုံးဆိုပဲ ကျောခင်းအိပ်စက်တော်မမူကြဘူးတဲ့ တရားဓမ္မတွေ

များကြိုးစားတော်မူသွားလိုက်ကြတာ။.. ဧတဒဂ်၅တန်ဘွဲထူးခံတော်မူထားတဲ့ညီတော် အာနန္ဒာကတော့ ၁၅ နှစ်

လုံးလုံးဆိုပဲ ကျောခင်းအိပ်စက်တော်မမူဘူးတဲ့.. တရားဓမ္မတွေများသူမတူအောင် ကြိုးစားတော်မူသွားလိုက်

တာ။ ဝီရိယအရာမှာတံခွန်ထူပြီးတော့ ဧတဒဂ်ဘွဲ့အပိုင်ယူတော်မူထားတဲ့ အရှင်သောဏဆိုတဲ့မထေရ်မြတ်ကြီး

ကတော့ ၁၈ နှစ်လုံးလုံးဆိုပဲ ကျောခင်းအိပ်စက်တော်မမူဘူးတဲ့.. တရားဓမ္မတွေများကြိုးစားလိုက်တာ ဝီရိယ

သာအရင်းပြုလို့ ရမည့်တရားထူးမျိုးမှန်ပါစေ မရလျှင်ငါမနေအသက်ပင်သေစေတော့ဆိုပဲ။…ပညာအရာမှာဧတ

ဒဂ်ဘွဲ့ရတော်မူတဲ့ လက်ယာတော်ရံအရှင်မဟာသာရိပုတ္တရာမထေရ်မြတ်ကြီး၊ တန်ခိုးအဘဉာဉ်အရာမှာဧတဒဂ်

ဘွဲ့ရတော်မူတဲ့ လက်ဝဲတော်ရံအရှင်မဟာမောဂ္ဂလန်မထေရ်မြတ်ကြီး၊ အမျိုးမြတ်တဲ့ အရာမှာဧတဒဂ်ဘွဲ့ရတော်

မူတဲ့ အရှင်ဘာဋိယမထေရ် ဒီမထေမြတ်ကြီးသုံးပါးတို့ဟာဖြင့် နှစ်ပေါင်း ၃၀ လုံးလုံးဆိုပဲကျောခင်းအိပ်စက်

တော်မမူကြဘူးတဲ့ တရားဓမ္မတွေများသူမတူအောင်ကြိုးစားတော်မူလိုက်ကြတာ။ နောက်ဆုံးဘဝ နောက်ဆုံး

ခန္ဓာအဖြစ်ဖြင့် ဘုရားကိုယ်တော်မြတ်ကြီးကို ဓမ္မနှင့်အားရပါးရပူဇော်တော်မူသွားကြပါလား။ ..ဓိဗ္ဗစက္ခုအဘိ

ဉာဉ်အရာမှာ ဧတဒဂ်ဘွဲ့ရတော်မူတဲ့ အရှင်အနုရုဒ္ဒါမထေရ်မြတ်ကတော့ နှစ်ပေါင်း ၅၀ လုံးလုံးဆိုပဲ ကျောခင်း

အိပ်စက် တော်မမူဘူးတဲ့ တရားဓမ္မတွေများသူမတူအောင်ကြိုးစားတော်မူလိုက်တာ သက်တော်များ ၁၅၀ နေ

လို့ရှည်တော်မူသွားတယ်ဆိုပဲ။..အနာကင်းတဲ့အရာမှာ ဧတဒဂ်ဘွဲရတော်မူတဲ့ အရှင်ပါကူးလမထေရ်မြတ်ကြီးက

တော့သက်တော် ၈၀ မှသာသနာ့ဘောင်ရောက် နှစ်ပေါင် ၈၀ လုံးလုံး သိက္ခာဝါတော် ဂ၀ လုံးလုံး ကျောခင်း

အိပ်စက် တော်မမူဘူးဆိုပဲ…တရားဓမ္မတွေများကြိုးစားလိုက်တာ သက်တော်များ ၁၆၀ နေလို့ရှည်တော်မူသွား

တယ်ဆိုပဲဩ..မအိပ်မနေအားထုတ်တော်မူသွားတဲ့သူတော်ကောင်းကြီးတွေ တယ်ပြီးတော့ အသက်တမ်းရှည်

ကြပါလား ဒါဖြင့်သူတော်ကောင်းတရားအားထုတ်ရတဲ့အလုပ်သည် အသက်ရှည်ဆေးတစ်မျိုးပဲ တရားဓမ္မလေး

တွေအားထုတ်လို့ သက်ကောင်းရှည်နှင့်ကြာကြာနေချင်ကြပါမူကား သူတော်ကောင်းတရားများများ အားထုတ်

ပေး..ဒါအသက်ရှည်ဆေးမသေဆေး..ဓူတင် အရာမှာ ဧတဒဂ်ဘွဲ့ရတော်မူတဲ့ အရှင်မဟာကဿဖမထေရ်မြတ်

ကြီးကတော့သက်တော် ၁၂၀ ပရိနိဗ္ဗာန်ပြုသည်တိုင်အောင် ဓူတင် ၁၃ ပါးများအပြီးဆောက်တည်လို့ ကျောခင်း

အိပ်စက်ခြင်းကိုပယ်ချတဲ့ နိသစ်ဓူတင်ကြီးများ ပဓါနထာလို့ တရားဓမ္မတွေများ ကြိုးစားတော်မူသွားလိုက်တာ

ဘုရားကိုယ်တော်မြတ်ကြီးရဲ့ အဆုံးအမတော်တွေ နှစ်ပေါင်း ၅၀၀၀ တည်တံ့ပါစေခြင်းအကျိုးငှါများ ပထမသံ

ဃာရတနာတို့ ရဲ့ခေါင်းဆောင်တင်တော်မူသွားလို့ …မထေရ်မြတ်ကြီးရဲ့အမြော်အမြင်ကြီးမားစွာနှင့် သံဃာရတ

နာခေါင်းဆောင်တင်တော်မူသွားတဲ့ ဆောင်ရွက်ချက်ကြောင့်မို့ ဘုရားအဆုံးအမတော်တွေ မူရင်းမပျက် မိမိတို့

လက်ထက်ရောက်အောင် နာကြားကျင့်သုံးခွင့်ရနေကြတာပဲ….အရှင်စူဠနာဂ ဆိုတဲ့မထေရ်မြတ်ကြီးကတော့

ဘုရားကိုယ်တော်မြတ်ကြီးကျင့်သုံးတော်မူခဲ့တဲ့ မဟာဒုက္ခရစရိယာတော်ကြီးကိုပူဇော်သောအားဖြင့်ဆိုပဲ ၇ နှစ်

လုံးလုံးတဲ့ ကျောခင်းလည်းအိပ်စက်တော်မမူဘူးတဲ့ ထိုင်ခြင်းလည်းပြုတော်မမူဘူးတဲ့ ရပ်ခြင်း စင်္ကြန်သွားခြင်း

နှစ်မျိုးနှင့်ကြိုးစားလိုက်တာ အံ့ဩစရာ ချီးကျူးစရာ ကြည်ညိုစရာကြီးပါလား… ဘုရားတစ်ဆူတစ်ဆူမှာတစ်ပါး

သာပေါ်ထွန်းကောင်းတဲ့ ၇ နှစ်မျှကာလကကြိုတင်ကောလဟာလဖြစ်နေ ရတဲ့မောနိယရဟန်း အရှင်နာဠကဆို

တဲ့ မထေရ်မြတ်ကတော့ အင်မတန်ခက်ခဲ ပင်ပန်းကြမ်းတမ်းလှတဲ့ မောနိယအကျင့်ထူးအကျင့် မြတ်ကြီးတွေ

များဘုရားကိုယ်တော်မြတ်ကြီှးဆီကလျှောက်ထားမေးမြန်းပြီးတော့မှ တရားဓမ္မတွေကြိုးစာလိုက်တာ အိပ်ခြင်း

လည်းပြုတော်မမူဘူးတဲ့ ထိုင်ခြင်းလည်းပြုတော်မမူဘူးတဲ့ ရပ်ခြင်း စင်္ကြန်သွားခြင်း နှစ်မျိုးနှင့်ကြိုးစားလိုက်တာ

တစ်တောဝင်တစ်တောထွက်လို့ တစ်တောင်တက်တစ်တောင်ဆင်းလို့ သစ်တစ်ပင်အောက်မှာတစ်ရက်သာနေ

လို့ ရွာတစ်ရွာကိုတစ်ရက်သာဆွမ်းခံစားလို့ ဆိုပဲ…နောက်ပိတ်ဆုံးပရိနိဗ္ဗာန်ပြုတော်မူတာတောင်မှ ရွှေတောင်

ဦးမှာ နဖူးလေးနဲ့ထိလျက် မတ်တတ်ရပ်လျက် လက်အုပ်ချီလျက်ဆိုပဲ …..ကြိုးစားကြစမ်းပါ………47း25

59း23

ဣမေပဉ္စက္ခန္ဓာ ဤငါးပါးသော ခန္ဓာတို့သည်

၁။ အနိစ္စာ= မြဲခြင်းသဘောမရှိကုန်

၂။ အဓုဝါ=ခိုင်မာခြင်းသဘောမရှိကုန်

၃။ အသာရာ=အနှစ်သာရမရှိကုန်

၎။ စလာ=ရွေ့လျှားတတ်ကုန်၏

၅။ ပလောကဓမ္မာ=ပျက်စီးခြင်းသဘောရှိကုန်၏

၆။ ဝိပရိနာမဓမ္မာ=ဖေါက်ပြန်ခြင်းသဘောရှိကုန်၏

၇။ မရဏဓမ္မာ=သေဆုံးခြင်းသဘောရှိကုန်၏

၈။ ဝိဘဝဓမ္မာ=ဆုံးရှုံးခြင်းသဘောရှိကုန်၏

၉။ သင်္ခတာဓမ္မာ=အဖန်ဖန်ပြုပြင်အပ်ကုန်၏

၁၀။ ပပ္ပင်ဂုနော=ဖယိုဖရဲပြိုကွဲခြင်းသဘောရှိကုန်၏

အနိစ္စံ အနိစ္စလက္ခဏာ (၁၀)ပါးတည်း…….

ဣမေပဉ္စက္ခန္ဓာ ဤငါးပါးသော ခန္ဓာတို့သည်

၁။ ဒုက္ခာ=ယုတ်မာညစ်ဆိုး ဒုက္ခမျိုးတို့သာတည်း

၂။ ဘရာ=ကြောက်ဖွယ်ညစ်ဆိုး ဘေးရန်မျိုးတို့သာတည်း

၃။ ဣတီ=ထိပ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း

၎။ ဥပ္ပါဒ္ဒဝါ=လွန်စွာကပ်လျက်နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း

၅။ ဥပ္ပါဿဂ္ဂါ=တွယ်တာစွဲကပ်နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း

၆။ ရောဂါ=ကြင်နာညစ်ဆိုးရောဂါမျိုးတို့သာတည်း

၇။ အာဘာတာ= နှိပ်စက်ညစ်ဆိုးအနာမျိုးတို့သာတည်း

ဂ။ ဂန္ဓာ=မဖွယ်ယုတ်ဆင်းထွက်မျဉ်းအနာမျိုးတို့သာတည်း

၉။ သလ္လာ=ဆူးဝင်ညစ်ဆိုးမျှားငြောင့်မျိုးတို့သာတည်း

၁၀။ အဂ္ဂါ=အကျိုးယုတ်အကျိုးမဲ့မျိုးတို့သာတည်း

၁၁။ အတာနာ=စောင့်ရှောက်မဲ့လျဉ်းဘေးအသင်းတို့သာတည်း

၁၂။ အလေနာ=ကွယ်ကာမဲ့လျဉ်းဘေးအသင်းတို့သာတည်း

၁၃။ အသရဏာ=ကိုးရာမဲ့လျဉ်းဘေးအသင်းတို့သာတည်း

၁၄။ အာဓိနဝါ=ဆိုးဝါးညစ်ကျုအပြစ်စုတို့သာတည်း

၁၅။ အဂမူလာ=အကျိုးမဲ့ခပင်းဆင်းရဲခြင်း၏အရင်းမြစ်တို့သာတည်း

၁၆။ ဝဓကာ=လူနတ်ဗြဟ်မာသတ္တဝါတို့ကို နာရီမလပ်အတွင်သတ်သည့်သူသတ်မျိုးတို့သာတည်း

၁၇။ သာသဝါ=အာသဝေါတရားလေးပါးတို့၏အစီးအပွါးတို့သာတည်း

၁၈။ မာရာမိသာ=ကိလေသာမာန် မဇ္ဇျုမာန်တို့၏စားဖတ်ဝါးဖတ်သုံးသပ်နင်းနှယ်ရာတို့သာတည်း

၁၉။ ဇာတိဓမ္မာ=သတ္တဝါကိုမညှာမငဲ့ အရွဲ့အစောင်းမကောင်းဆိုးညစ်ဖြစ်ချင်တိုင်းဖြစ်တတ်

သောသဘောရှိကုန်၏

၂၀။ ဇရာဓမ္မာ=ဆုတ်ယုတ်လျော့ပါးခြင်းသဘောရှိကုန်၏

၂၁။ ဗျာတိဓမ္မာ=နာခြင်းသဘောရှိကုန်၏

၂၂။ သောကဓမ္မာ=စိုးရိမ်ပူပန်ရခြင်းသဘောရှိကုန်၏

၂၃။ ပရိဒေဝဓမ္မာ=ငိုကြွေးမြည်တမ်းရခြင်းသဘောရှိကုန်၏

၂၄။ ဥပါယာသဓမ္မာ=သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်းသဘောရှိကုန်၏

၂၅။ သံကိလေသိကဓမ္မာ=တဏှာဒိဋ္ဌိ ဒုစရိတတည်းဟုသောညစ်နွမ်းခြင်းသုံးပါးကို ပွါးစည်းစေတတ်သော

သဘောရှိကုန်၏

ဒုက္ခံ ဒုက္ခလက္ခဏာ(၂၅) ပါးတည်း။……

ဣမေပဉ္စက္ခန္ဓာ ဤငါးပါးသော ခန္ဓာတို့သည်

၁။ အနတ္တာ=ကိုယ်မဟုတ်ကုန် အစိုးမရကုန်အလိုသို့မလိုက်ကုန်

၂။ ပရေ=အကျွမ်းဝင်ခြင်း အမြဲကင်းသောသူစိမ်းပြင်ပတို့သာတည်း

၃။ ရိတ္တာ=အနှစ်သာရဟူသမျှနှင့် မြူစမယှဉ်အစဉ်ဆိတ်ကင်းသောတရားတို့သာတည်း

၎။ တုစ္ဆာ=ကောင်းမြတ်ချမ်းသာဟူသမျှ မြူစမနီးအချီးနှီးသောတရားတို့သာတည်း

၅။ သုညာ=ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုးတစိုးတစိမရှိလုံးလုံး အသုံးမကျသောတရားမျိုးတို့သာတည်း

အနတ္တာ အနတ္တလက္ခဏာ(၅)ပါးတည်း….။

အနိစ္စလက္ခဏာက (၁၀)ပါး

ဒုက္ခလက္ခဏာက(၂၅) ပါး

အနတ္တလက္ခဏာက(၅)ပါး

ပေါင်းလိုက်တော့ ဘာဝနာ(၄ဝ)

မိမိတို့ အားထုတ်နေတဲ့ အလုပ်ထူးအလုပ်မြတ်ထဲမှာ အားလုံးအကျုံးဝင်နေတယ်လို့အောင့်မေ့ထားပါ။

ဖြစ်တတ်ပျက်တတ်တဲ့ ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးကိုယ်စီကိုယ်ငှ ရ ထားကြမှတော့ ခန္ဓာထဲကပြောချင်တာပြော

ပြခြင်တာပြပေါ့ ဖြစ်ပျက်ဒုက္ခသစ္စာသဘောတွေပဲပြတော့မပေါ့ ပြောပြန်တော့လည်း ဖြစ်ပျက်ဒုက္ခသစ္စာသဘော

တွေပဲပြောတော့မပေါ့ ဒါဖြင့်ခန္ဓာသဘော ခန္ဓာပြောနေတာကဖြစ်ပျက် ဒုက္ခသစ္စာ ဒါလေးတွေကိုခန္ဓာ့သဘောငါ

မရောစေမူ၍ ခန္ဓာ့ပြင်ပကိုလည်း ဉာဏ်မထွက်စေမူ၍ ခန္ဓာထဲကဘာပြောနေတယ်ဆိုတာကိုလည်း ဉာဏ်မျက်

ခြည်မပြတ်တမ်းစောင့်ကြည့် အကဲခတ်နေတဲ့ဉာဏ်လေးက မဂ္ဂသစ္စာ ဖြစ်ပျက်ဒုက္ခသစ္စာခန္ဓာကြီးမှန်းသိနေမှပေါ့

ပဲ လိုချင်စရာ ရချင်စရာ တွယ်တာစရာ မက်မောစရာ မရှိပါဘူး လိုချင်တတ်တဲ့ တွယ်တာတတ်တဲ့ မက်မော

တတ်တဲ့ တဏှာဥပါဒါန်ကံတွေချုပ်နေသဖြင့် သေနေတာက သမုဒယသစ္စာ အကြောင်းသမုဒယ ချုပ်နေမှပေါ့

ပဲ အကျိုးပေး အိုနာသေတွေနောင်တဖန် တွေ့စရာမရှိတော့ပါဘူး နောင်တဖန် အပါယ်လေးပါး အိုနာသေတွေနဲ့

အိုးစားကွဲရမှာက သောတာပန်အရိယာတို့ မျက်မောက်ပြုရမယ့် နိရောဓသစ္စာ ဒါသစ္စာလေးပါးဆိုက်တဲ့ အလုပ်

ကြီးပဲ ဒါသစ္စာလေးပါးကိုက်တဲ့ အလုပ်ကြီးပဲ သစ္စာလေးပါးဆိုက်အောင် အားထုတ်တော်မူနိုင်ကြလို့ သောတာ

ပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်တော်မူသွားကြတာပါ။ သစ္စာလေးပါးဆိုက်အောင် ဆရာမကူသယမ်မူ

ဉာဏ်ဖြင့် မိမိအလိုလိုကိုယ်တော်တိုင်ထိုးထွင်းပြီးသကာလ သိစွမ်းအောင် ကြိုးစားတော်မူနိုင်ကြလို့ ပစ္စေကာ

ဗုဒ္ဓအဆူဆူ သဗ္ဗညုတမြတ်ဘုရားအဆူဆူ လောကသုံးပါးထင်ထင်ရှားရှားပွင့်ထွန်းပေါ်တော်မူသွားကြတာပါပဲ

ဒါဖြင့်ယောဂီအပေါင်းသူတော်ကောင်းတို့ အားထုတ်နေကြတဲ့ အလုပ်ထူးအလုပ်မြတ် အကျင့်ထူးအကျင့်မြတ်

ကြီးကလည်း သစ္စာလေးပါးဆိုက်တဲ့အလုပ်ကြီး သစ္စာလေးပါးကိုက်တဲ့အလုပ်ကြီး ကိုယ်စီ ကိုယ်စီအထမြောက်

နေကြပါပေါ့လား အရိယာလမ်းကြောင်းပေါ်ဖြင့် လျှောက်လှမ်းမိနေကြပြီလို့ ဝမ်းမြောက်နိုင်ပါတယ်။

ထိုတရားတော် MP3 ဖိုင်ကို အလိုရှိက ဆွဲယူရန် ဒီလင့် ( http://dl.dropbox.com/u/11340326/U%20Thu%20Ma%20Na%20Work.rar ) ကနေ ဆွဲယူနိုင်ပါတယ်

Wednesday, January 12, 2011

Google ရဲ့ Body Browser နဲ့ လူ့ခန္တာကိုယ်ကို ရှိုးမယ်

လူခန္တာကိုယ် တစ်ခုလုံးကို

အနုလုံ၊ ပဋိလုံ လှည့်ပတ်ကြည့်နိုင်ဘို့

Google က

Body Browser ကို

ထုတ်ပေးလိုက်ပါတယ်။

http://bodybrowser.googlelabs.com/

မှာ ဝင်ကြည့်နိုင်ပါတယ်။

ဆရာဝန်တွေအတွက်

လေ့လာဘို့ကောင်းတဲ့ နေရာတစ်ခုလို့ ထင်ပါတယ်။

တကူးတက ခွဲစိတ်စရာမလိုတော့ဘူးပေါ့ :)

Welcome to Google Body. You need a Web browser that supports WebGL.
Try: Mozilla Firefox 4 Beta | Google Chrome Beta or Chromium | WebKit nightly | Other

body_preview.png

Google Body is a detailed 3D model of the human body. You can peel back anatomical layers,
zoom in, click to identify anatomy, or search for muscles, organs, bones and more. You can also
share the exact scene you are viewing by copying and pasting the URL.

လောလောဆယ်တော့ Firefox 4 beta (သို့) Googlr Chrome 9 Beta နဲ့ပဲ အဆင်ပြေဦးမှာပါ။
(2011-Jan-12 မှာ Firefox 4 beta နဲ့ ဝင်လို့ ရနေပါသည်။)

Firefox 4 beta နဲ့ဆို ဒီလို စက်တင် ချိန်ထားရပါမယ်။



WebGL is supported in Firefox/4.0b1 http://www.mozilla.com/en-US/firefox/all-beta.html and in the nightly builds of Firefox. Visithttp://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-trunk/ for builds on Linux (32- and 64-bit), Mac OS X and Windows.

After downloading the browser, enable WebGL: type about:config into the address bar, search for "webgl", and double-click "webgl.enabled_for_all_sites" to set it to true.

The implementation requires working OpenGL 2.1 drivers and the availability of PBuffers.

If OpenGL is not available, or for testing/debugging purposes, software rendering can be used through OSMesa (off-screen Mesa), by setting the "webgl.osmesalib" variable to point to the OSMesa shared library (typically /usr/lib/libOSMesa.so). Note that the OSMesa library is required to use "gl" prefixes, not "mgl".

Googlr Chrome 9 Beta နဲ့ဆို ဒီလို စက်တင် ချိန်ထားရပါမယ်။

WebGL is disabled by default in the latest Chrome Beta (9.0.597.45). To get WebGL in Chrome, you need to either:

1) Run the Chrome Beta with the ''--enable-webgl' flag from the command line:

chrome.exe --enable-webgl

Chrome Beta can be downloaded here: http://www.google.com/landing/chrome/beta/

credit to: Getting WebGL in Chrome at the moment
Getting a WebGL Implementation