Tuesday, December 31, 2013

ပြက္ခရွေ စွယ်တော်ရှင် စေတီတော်



မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့တွင် တည်ရှိသော ပြက္ခရွေ စွယ်တော်ရှင် စေတီတော် အကြောင်း [ ပြက္ခရွေ စွယ်တော်ရှင်ကျောင်းတိုက် ဆရာတော် ဦးဩဘာသမှတဆင့် ပြန်လည် ဒါနပြုပါသည်။]

28.12.13 နေ့တွင် မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့သားများမှ မြစ်သားမြို့ မန္တလေးတိုင်းအတွင်းရှိ ပေတောပရဟိတ လူငယ်ဖွံဖြိုးရေးကျောင်းသို့ ကျပ်ရှစ်သိန်းကျော် ကိုးသိန်းဖိုးခန့်ရှိ အထောက်အပံ့ပစ္စည်းများ+ပေတောပဒေသာပင်+န၀ကမ္မ စသည်တို့ကို ပေးလှူပြီးနောက် နေ့လည်ခင်း 2 နာရီခန့်တွင် မြန်မာပြည်အလယ်ဗဟိုဟုဆိုသည့် မှတ်တိုင်ရှိသည့် မြစ်သားမြို့နယ် ပြက္ခရွေတောင်တော်(အနောက်ဖက်တောင်) ပေါ်တွင် ကပ္ပိယမရှိ တစ်ပါးတည်း သီတင်းသုံးတော်မူသည့် ဆရာတော်ထံသို့ ၀တ္တုငွေ ကျပ်တစ်သိန်းကို လှူတန်းရန် အားကြိုးမာန်တက်ဖြင့် တက်ခဲ့ကြပါသည်။

ပြက္ခရွေတောင်သည် အလွန်ပင်မက်စောက်သည်။ လှေကား စောင်းတန်း စသည်တို့မှာ တောင်ခြေနားနီးသည့် မောနားတောင် အလယ်လောက်အထိ(ဆိုင်ကယ်တက်လို့ရသည့်နေရာအထိ) သာရှိသည်။ မိုင်အားဖြင့် ကျွန်တော်များ အတိအကျ မမှန်းနိုင်သော်လည်း ထိုနားရှိနေထိုင်သူများကို တောင်ခြေတွင် မေးမြန်းသောအခါ အနောက်ဖက်တောင်ထိပ်ဆိုလျှင် နှစ်မိုင်နှင့် လေးဖာလုံခန့်၊ မောနားတောင်ဆိုလျှင်
လေးဖာလုံဟု ပြောကြပါသည်။ သို့သော် ကျွန်တော်တို့အဖွဲ့သားများ ဆိုင်ကယ်ဖြင့် မတက်ပဲ ခြေလျင်တက်ခဲ့ကြပါသည်။ [GLZ]

https://www.dropbox.com/s/rw3cqs86u3xtzt0/ပြက္ခရွေတောင်%20-%20Copy.mp3

ပြက္ခရွေတောင် မှတ်တမ်း
××××××××××××××

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပါတ်ခြံရံ
ပြက္ခရွေတောင်ကိုးလုံးကို
ကုန်းမှတ်လို့ တတ်မယ်ကြံ
အမှန်တော့ ပလီပလာစကား။ ။

ပြေပြေလေးပါပေါ့--
တတ်မှန်းတောင် မသိပါဘူးရယ်လို့
အင်းယားကန်ဘောင် နမူနာပြတယ်
ယုံခဲ့မိသူတွေမှာတော့
တစ်ညမှာ ဆုံးရာရောက်ပါလိမ့်
``ကြွက်တတ်ချင်ယောင်ဆောင်`` နားချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေအုံး
အမှောင်မပိတ်ခင် တောင်ထိပ်ဝင်ရမှာမို့
တောဝက်ရန်အမှန်ကြောက်ပါသဖြင့်
စိတ်တင်းကာ ဇွတ်နင်းကန် တတ်ရတယ်

အိုကွဲ့--

တစ်သက်မမေ့စေတဲ့
ပြက္ခရွေ တောင်စခန်း။ ။ [KSN]

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား