Sunday, June 2, 2013

printer share မရတာ

(Q)
ကျွန်တော် printer 1လုံးကို ကွန်ပျူတာ ၃ လုံးကနေ print ထုတ်ချင်လို့ 
share လုပ်တာ အဆင်မပြေ လို့ ကူညီပေးကြပါအုန်းခင်ဗျာ။ ကွန်ပျူတာ ၃ လုံး
စလုံးက ping လို့ ရပါတယ် ။ printer share မရတာပါ ခင်ဗျား။ အားလုံးကို
ကျေး ကျေးပါ

(A)
Network Printer မဟုတ်ပဲ PC တစ်လုံးမှာ USB (or) parallel cable နဲ့
တွဲထားတဲ့ Printer လို့ ယူဆပါတယ်။ ဒါဆိုရင်...
1) File & Print Sharing protocol ကို PC အသီးသီးက Network Adapter မှာ
ON ပေးထားပါ။
2) PC အသီးသီးက Firewall မှာ File & Print Sharing ကို ဖွင့်ပေးရပါမယ်။
3) PC အသီးသီးမှာ ၎င်း Printer Driver ကို Install လုပ်ပါ။
4) နောက် Printer တွဲထားတဲ့စက်ကနေ ၎င်း Printer ကို Share ပေးလိုက်ပါ။
5) အပေါ်က ရှယ်ပေးတဲ့ ပရင့်တာကို အခြား PC များရဲ့ Printer စာရင်းမှာ
လာပေါ်ရင် Print ထုတ်လို့ ရပါပြီ။

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား