Monday, December 13, 2010

8 ရှစ်လုံးနဲ့ 1000 ရအောင် ကွန်ပျူတာနဲ့ တွက် ကြည့်ချင်

8 ရှစ်လုံးနဲ့ 1000 ရအောင် ကွန်ပျူတာနဲ့ တွက်ကြည့်ချင်တယ်။
ဘယ်လိုတွက်ရင် ကောင်းမလဲ ဥာဏ်နီဥာဏ်နက် များကြည့်နေတာ...

နည်းနည်းတော့ လမ်းစရပြီ စဉ်းစားကြည့်ရအောင်

ပေးချက်။
88888888

အဖြေ။
888+88+8+8+8 = 1000

ပေါက်ဖော်အဖြေပါ (အဟဲ..ချတွက်ကြည့်ရင် သိပီးသားပေါ့)

အဖြေကနေ တဆင့် လေ့လာကြည့်မိတယ်

8 8 8 8 8 8 8 8
8 8 8+8 8+8+8+8
8 8 8+8+8+8+8 8
8+8+8+8 8+8 8 8

ဒီတော့ ပေးချက် 8 8 8 8 8 8 8 8 ရဲ့ ကြားထဲမှာ (+,-,*,/) ၄ခုတည်းက တစ်ခုခုရအောင် ထည့်ပြီး တွက်ကြည့်ရင် ရပြီပဲ...

ပူးရေးမည့် ဂဏန်းကြားကနေရာအတွက်လည်း မှတ်စရာ တစ်ခု ပေးဦးမှ...ဗျောင်သင်္ကေတနေရာအတွက်ကိုလေ | လို့ မှတ်လိုက်မယ်။
ဒီတော့ စမ်းထည့်ကြည့်ရမည့် MathSymbol သင်္ကေတတစ်ခုတိုးမယ်။ အားလုံးပေါင်း ၅ခုဖြစ်မယ်။
|,+,-,*,/ ပေါ့

8 8 8 8 8 8 8 8

+ + + +

8 8 8+8 8+8+8+8

ကြားနေရာထဲ ထည့်မှာက MathSymbol ၅ခုထဲက တစ်ခုခု ဖြစ်ရမှာ
| + - * /
တစ်နေရာမှာ ထည့်ရမှာ ၅ခုထဲက တစ်ခုခု..စုစုပေါင်း နေရာက ခုနှစ်နေရာဆိုတော့

အားလုံး အကွက်က ၅ ခုနှစ်ထပ် = အကွက်ပေါင်း ၇၈၁၂၅ ကွက် စမ်းတွက်ရမှာ
(* ချဲနဲ့ဆင်တူပဲ ချဲက ဂဏန်း၁၀လုံး ၃နေရာဆိုတော့ ၁၀ သုံးထပ် = အကွက်ပေါင်း ၁၀၀၀ ကွက်)

8 8 8 8 8 8 8|8 = ?
8 8 8 8 8 8 8+8 = ?
8 8 8 8 8 8 8-8 = ?
8 8 8 8 8 8 8*8 = ?
8 8 8 8 8 8 8/8 = ?
.
.
.
.
စသဖြင့်ပေါ့ ဖော်နည်းကား (ဖော်မြူလာ ကို ဆိုလိုပါသည်) တော့ ရသွားပြီ။
ကျန်တာ စက်ပေါ်တင် ကိုယ် အားသန်တဲ့ နည်းနဲ့ ရေးချတွက်ရုံပဲ
ကြိုက်တဲ့နည်းနဲ့ ပြန်ကြော့ (loopingပတ်ကြည့်)။ ရတဲ့ စာကြောင်းကို တွက်ထုတ်ကြည့်။
အကြိမ် 78125 မှာ အဖြေ 1000 ရတဲ့ စာကြောင်း ဘယ်၂ကြောင်း ရမလဲ ပေါ်လာပါလိမ့်မယ်။

ခုလောလောဆယ်တော့ ဒီချဉ်းကပ်နည်း သဘောတရားကို
အရင်းတည်ပြီး တွက်ထုတ်ကြည့်တာ အကြိမ် 78125 ကို

3 မိနစ် လောက်ကြာတယ်။ vb.net နဲ့ပေါ့။

(* 8 ရှစ်လုံးကနေ 1000ရအောင်တွက်တာလောက်ပဲဆိုရင်တော့
ဒီ့ထက်ပိုမြန်ပါတယ် ဘာလို့လဲဆိုတော့ MathSymbol အနေနဲ့

+ နဲ့ ဗျောင် နှစ်ခုပဲ လိုတာဆိုတော့လေ...)

ဒီထက် မြန်အောင် တွက်ကြည့်ချင်တယ်။
flexibility အနေနဲ့ ပေးချက်ဟာ ကိန်းရှင်တွေ ဖြစ်ရမယ်။

ဥပမာ။ ။
8 ရှစ်လုံးနဲ့ 1000 ရအောင် ဘယ်လို တွက်ရမလဲ...ကနေ
9 ရှစ်လုံးနဲ့ 1000 ရအောင် ဘယ်လို တွက်ရမလဲ..တို့
1234567890 နဲ့ 51 ရအောင် ဘယ်လို တွက်ရမလဲ..တို့
1112234 နဲ့ 100 ရအောင် ဘယ်လို တွက်ရမလဲ..တို့ ဘာပဲလာလာ ရှိသမျှ အဖြေ အကုန် ထုတ်နိုင်ရမယ်။

ဦးဏှောက်သွေးတဲ့ သဘောပေါ့လေ...

အဆင့်တစ်က MathSymbol ကို loop ပတ်ဖြည့်ပြီး ကိန်းတန်းတွေ ဆောက်တာ
အဆင့်နှစ်က ရလာတဲ့ ကိန်းတန်းတွေကို evaluate လုပ်ကြည့်တာ
ဒါလေးပဲ

ဒီလို ပြဿနာကို အခြားသော ပိုကောင်းမွန်မည့် ချဉ်းကပ်နည်း ရှိမယ်ဆိုရင်လည်း လေ့လာလိုပါတယ်။

နီးစပ်ရင် ပြန်ဆွေးနွေးပေးပါဦး :)
လေးစားစွာဖြင့် /ဧးသိမ်း/

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား