Sunday, June 15, 2014

သင့်သွေးဖြင့်အသက်ကယ်ပါ မြန်မာ့အရုဏ်သစ်ဖြစ်ပါသည်။ ။


သွေးလှုပွဲကြီးနီးလာပြီ
တန်ဘိုးမဖြတ်နိုင်သောသွေးများ
လှုဒါန်းကြမည်
ခန့်မှန်းအလှုရှင်၅၀၀ဖြစ်၏
ကိုအေးကိုကိုပေါက်စီလှုမည်
မခင်စန္ဒာထွန်းရှုဆေးလှု၏
ကိုအောင်လေးအအေးလှုမည်
ကျနော်ကြက်ဥတာဝန်ထားပါ
ရေသန့်လှုမည့်သူလည်းသဲ့သဲ့ကြားထား၏
အသင်းယူနီဖောင်းများပေးမည်
ဖယ်ရီလှုကြပါဦးလား
တစ်စီး၃၅၀၀၀ ထဲပါ
၁၂စီးလောက်ကုန်မည်
ဂုဏ်ပြုလွှာများလည်းပေး၏
July လ 11 ရက်နေ့ဖြစ်သည်
ဝါဆိုလပြည့် ရက်မြတ်ပါ
အမျိုးသားသွေးလှုဘဏ်တွင်ဖြစ်သည်
သတ္တမအကြိမ်ဖြစ်၏
သင့်သွေးဖြင့်အသက်ကယ်ပါ
မြန်မာ့အရုဏ်သစ်ဖြစ်ပါသည်။ ။

photo အမှုဆောင်အစည်းအဝေး
post by Ko Soe Naing

Sunday, March 16, 2014

မြန်မာ့အရုဏ်သစ် Crazy animated gif

ကြည့်မိလို့ မူးသွားရင် တာဝန်မယူ။

မူးတတ်သူ မကြည့်ရ။


Inline image 1

အလံ waving in the sky
Inline image 2
ဂေါက်သီး Sphere


Inline image 3




Thursday, January 30, 2014

၂၁ ရာစု ကာလနာ သုတ်

အို--
ချစ်သား-- ကာလနာတို့
ဖေ့စ်ဘွတ်တစ်ခွင် ပြဲပြဲစင်အောင်
ဝင်ရောက်ဖတ်ရှု့ သင်စပ်စုစဉ်---

၁၊ ငါ၏စတေ့တပ် ဖတ်မိရုံမျှ
ကြိုက်ရုံမျှဖြင့်
စဉ်းစားချင့်ချိန် ဥာဏ်တိမ်တိမ်နှင့်
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၂။ ``ဖွတ်``ရဲ့လော်ဘီ ``ဒေါင်း`` လော်ဘီနှင့်
``အာမီ``ငမိုက်သား ငမူးသမားတို့
လက်ကမြင်းသမျှ ပြောသမျှလည်း
စဉ်းစားဝေဖန် သင့်ဥာဏ်မပါဘဲ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၃။ အနောက်တလွှား ပူမီးပွားတုန်း
ကြိမ်မီးအုံးသို့ ``ရိုဟင်ဂျာ``အရေး
သူငါ ရေးစဉ်
သူ့ဘက် ငါ့ဘက်
ခံစားချက်ပြင်း ဘက်လိုက်ခြင်းဖြင့်
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၎။ ဘာသာရေးအတွက် ရိုက်ချက်ပြင်းထန်
ဝေဖန်ရှုံ့ချ ဒေါသမီးမွှေး
သွေးခွဲသပ်လျှို လိုရာကိုဆွဲ
ကကြိုးထဲတွင် သင်မပါဝင်အောင်
ဝေဖန်ထောက်ရှု့ သင်မပြုဘဲ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၅။ ``တရုတ်````ကုလား``
ဝှက်ဖဲထား၍
အများအမြင် မျိုးချစ်ထင်ယောင်
မိုက်မှောင် မှိုင်းတိုက် ထိုငမိုက်တို့
တို့မီးရှို့မီး လုပ်ကြံမီးကြောင့်
ဒေါသမီးတောင် စွဲမလောင်ရန်
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၆။ ဆယ်လီဗျစ်တီ နာမည်ကျော်ကြား
ထောက်ခံများ၍ Like ပေါင်းထောင်ချီ
ရနေသည်ဟု သက်သေပြုကာ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၇။ သာသနာရေး ဘာသာရေးဟု
ဟစ်ကြွေးဂုဏ်ဖော် တကြော်ကြော်အော်လည်း
နောက်ကွယ်စိတ်ထား ဘယ်သို့သွားမှန်း
ရှင်းလင်းထင်မြင် မသိခင်မှာ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၈။ အငိုဘုရင် အပြောကျင်လည်
ဆွဲဆောင်လှုပ်ကိုင် သင့်သည်းခိုင်ကို
အမှန်တစ်ချို့ မှားတစ်ချို့နှင့်
လိုရာပန်းတိုင် မျှားစေနိုင်သည့်
ကဝေဘုရင် မှော်ကလောင်ရှင်လည်း
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၉။ ပုဂ္ဂလအမုန်း မီဒီယာသုံး၍
ငြိုးဖော်ရန်ဖက် ဆိုးကွက်ကိုရှာ
မညှာတာ ထောက်ရှု့ အပြုမဆန်
ဝေဖန်တိုက်ခိုက် မုန်းမီးတိုက်လည်း
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

အို--
ချစ်သား
ကာလနာတို့

၁၀။ ချင့်ချင့်ချိန်ချိန် သုခမိန်ဟု
ရှေးကဆိုထား ထိုစကားအတိုင်း
အမှား အမှန် ဝေဖန်ထောက်ရှု့
မြင်အောင်ပြုလော့။
သူလှော်တိုင်းသာ ရွေ့နေပါလျှင်
သူ-ငါ-တို့တတွေ သက်မဲ့``လှေ``ပေါ့။
သူမောင်းတိုင်းသာ ကျုံးဝင်ပါလျှင်
သူ-ငါ-တို့တတွေ တိရိစ္ဆာန်ပေပေါ့။
တို့တတွေ ``လူသား``
သိဥာဏ်များလို့ လှော်တိုင်းမရောက်
ချောက်တိုင်းမဝင်
``သတိယှဉ်လော့``။ ။

၂၁ရာစု- (ကာလနာသုတ်-းအင်္ဂုလိသုတ္တန်)

by U Soe Naing